မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်
အောက်တိုဘာလ ၁၃ ရက် ဒီနေ့မနက် ၉ နာရီ ၁၅ မိနစ်စပြီး မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးပျက်သွားပါတယ်။
- 2021-10-12
-
-
-
ရန်ကုန်တိုင်းမှာ ကျိုးကျနေတဲ့ ဓါတ်တိုင်တစ်ခုကို တွေ့ရစဥ်
AFP Photo
အောက်တိုဘာလ ၁၃ ရက် ဒီနေ့မနက် ၉ နာရီ ၁၅ မိနစ်စပြီး မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးပျက်သွား ပါတယ်။
ရန်ကုန်တိုင်းတစ်တိုင်းလုံး၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ ကချင် ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်တွေအားလုံး မီးပျက်သွားတာဖြစ်ပါတယ်။
ဘာကြောင့် မီးပျက်သွားလဲဆိုတာကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းကြေညာထားတာမရှိပေမယ့် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်တာကြောင့် ယာယီမီးပျက်နေပြီး မီးပြန်ရဖို့လုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။