ရွေးကောက်ပွဲ သပိတ်မှောက်ရေးဟာ ရွေးစရာ လမ်းတစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ သမ္မတ မဖြစ်အောင် တားမြစ်ပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်ဆင်ဘူး ဆိုရင် အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးဟာ ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
-
2015-04-04 -
-
-
Your browser doesn’t support HTML5 audio
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ သမ္မတ မဖြစ်အောင် တားမြစ်ပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြော ကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ သပိတ်မှောက်တာဟာ အကောင်း ဆုံး ရွေးချယ်စရာလမ်းကြောင်းလို့ မထင်မြင်ပေမယ့် သပိတ်မှောက်ရေး လမ်းကြောင်းအပါအဝင် ရွေးချယ် စရာ လမ်းကြောင်းအားလုံးကို ဖွင့်လှစ်ထား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာစ် သတင်းထောက်တွေနဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။
လက်ရှိအစိုးရဟာ သဘောထားတင်းမာကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အသုံးချပြီး ရွေးကောက်ပွဲ နှောင့်နှေးအောင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ၂ဝ၁၁ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်လို့ ရိုးသားဖြောင့်မတ်မှုရှိလိမ့်မယ်လို့ ထင်မြင်ခဲ့ကြောင်း၊ အခုတော့ ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ်မှု မရှိကြောင်း၊ သူ့အနေနဲ့ ရိုးသားမှုသာရှိခဲ့မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ လက်ရှိ အခြေအနေထက် ရှေ့ကိုအများကြီး ခရီးရောက်သွားနှင့်ပြီဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်သဘော ထားတွေကို RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဘာကလေမြို့ ကာလီဖိုးနီးယားတက္ကသိုလ် (UC Berkeley) က မြန်မာ့အရေး လေ့လာသူ ဦးမင်းဇင်ကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။