လက်ပံတောင်းအရေး အဖွဲ့အစည်းတွေ တွေ့ ဆုံဆွေးနွေးမည်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ ရက်နေ့ နေပြည်တော်မှာ ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ် အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
-
2015-01-09 -
-
-
Your browser doesn’t support HTML5 audio
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ ရက်နေ့ နေပြည်တော် မှာ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့က ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြ မှာဖြစ်ပါတယ်။
လက်ပံတောင်းတောင် သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ ဟာ ဒေသဖံ့ွဖြိုးရေးကို ထိခိုက်စေပြီး ဒေသခံတောင်သူ တစ်ဦးသေဆုံးတဲ့အထိ ပဋိပက္ခဖြစ်ပွားခဲ့တာတွေ ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ MATA အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာကျော်သူက ပြောပါတယ်။
"လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုဖြစ်တဲ့အဆင့်အထိ ရောက်သွားတဲ့အတွက်ကြောင့် သယံဇာတ သတ္ထုတူးဖော်ရေးနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ EITI ထဲမှာ တရားဝင်ဆွေးနွေးလို့ရအောင် အရေးပေါ် အစည်းအဝေး ခေါ်ခိုင်းလိုက်တာ၊ ကြေးနီစီမံကိန်းသည် ဗမာပြည်ရဲ့ အကြီးဆုံးသတ္ထုလုပ်ငန်း ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့ကောင်းတဲ့ ပြယုဂ်မရှိဘဲ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို နောက်ဆုတ်စေတဲ့ အဖြစ်အပျက်လို့ ကျနော်မြင်တယ်၊ အဲ့ဒါမျုးိတွေ ကျနော်ထည့်ဆွေးနွေးမိမယ်ထင်တယ်"
အဲဒီဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှု ကော်မတီအဖွဲ့ဝင်တွေနဲ့ လက်ပံတောင်းတောင်စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ MATA ထဲမှာ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ Eco Dev စတဲ့ အရပ်ဘက်အဖွဲ့တွေ ပါဝင်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမျိုးသူကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။