ပညာရေးလှုပ်ရှားမှုအပေါ် အကြမ်းဖက်ဖြိုခွဲမှု UNFC ရှုတ်ချ

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအပေါ် အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့တဲ့လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က နေ့စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ် Photo: Aung Moe Myint/RFA

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအပေါ် အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က နေ့စွဲ နဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုကရေစီ ပညာရေးထွန်းကားလာရေးအတွက် အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသားနဲ့ ပြည် သူတွေကို မတ်လ ၅ ရက်နေ့မှာ အစိုးရအာဏာ ပိုင်တွေက တာဝန်၊ စည်းကမ်း ဆိုတဲ့လက်ပတ်တွေနဲ့ အရပ်ဝတ်ပြည်သူတွေကို တလွံဲအသုံးချပြီး ရန်ကုန်မြို့ မြို့တော်ခန်းမအနီး အကြမ်းဖက်ရိုက်နှက်ဖြိုခွဲ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့အပေါ် UNFC အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

အရင် စစ်အာဏာရှင်ဟောင်းတွေ အသုံးပြုခဲ့ကြတဲ့ စွမ်းအားရှင်အမည်ခံ အကြမ်းဖက် လူအုပ်စုတွေကို လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လည်း ကျောင်းသားသပိတ် ဖြိုခွဲရာမှာ ဆက်လက်အသုံးပြုနေတာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖီလာဆန့်ကျင်နေပြီး၊ မလျောကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

အမျိုးသား ပညာရေး ဥပဒေအပါအဝင် ဒီမိုကရေစီ အခြေခံစံနှုန်းတွေနဲ့ မလျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေ အားလုံးကိုလည်း အမြန်ဆုံးပြုပြင်နိုင်မှသာ လက်ရှိပေါ်ပေါက်နေတဲ့ တိုင်းပြည်ရဲ့ အထွေထွေပြဿ နာတွေအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မှာဖြစ်လို့၊ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် စေ့စပ် ညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org