အင်းလေးနဲ့ ပင်လောင်းမှာ ငလျင်ကြောင့် လူ ၉၀ ကျော် သေဆုံး

အင်းလေးဒေသမှာ သေဆုံးသူ ၈၉ ဦးနဲ့ ပျက်စီးသွားတဲ့ နေအိမ် ၂၃၀၀ ကျော် ရှိခဲ့သလို ပင်လောင်းမြို့နယ် မှာလည်း ပျက်စီးသွားတဲ့ နေအိမ် ၂၀၀ ကျော်နဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့တာပါ။

ရှမ်းပြည်နယ် အင်းလေးဒေသမှာ ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ တွေ့ရစဉ်။ Pa.O Youth Organization (PYO)

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မတ်လ ၃၀ ရက်နေ့အထိ လူပေါင်း ၉၀ ကျော်သေဆုံးပြီး နေအိမ် ၂၅၀၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ ပအိုဝ်းလူငယ်အစည်း အရုံး (PYO) က ထုတ်ပြန်ပါတယ်။

အင်းလေးဒေသမှာ သေဆုံးသူ ၈၉ ဦးနဲ့ ပျက်စီးသွားတဲ့ နေအိမ် ၂၃၀၀ ကျော် ရှိခဲ့သလို ပင်လောင်းမြို့နယ် မှာလည်း ပျက်စီးသွားတဲ့ နေအိမ် ၂၀၀ ကျော်နဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့တာပါ။

နောက်ထပ်လည်း သေဆုံး၊ ပျက်စီးအရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နေအိမ်တွေ ပျက်စီးသွားတဲ့ ဒေသခံတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့လည်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org