ကုလသမဂ္ဂက မြန်မာ့ ငလျင်အတွက် ဒေါ်လာသန်းတစ်ရာကျော် သုံးစွဲကူညီမည်

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ ဧပြီလ ၆ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်။ Military Council

ငလျင်ဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာက လှူဒါန်းထားတဲ့ ဒေါ်လာ ၉၃ သန်းနဲ့ ကုလသမဂ္ဂရဲ့ အရေးပေါ် ရန်ပုံငွေ ဒေါ်လာငါးသန်းကို အသုံးပြုပြီး အကူညီပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂဝန်ထမ်းတွေ မြန်မာနိုင်ငံစေလွှတ်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးက ဧပြီလ ၆ ရက်မှာပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Tom Fletcherက မနေ့က နေပြည်တော်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်​ဆောင်ရွက်ဖို့၊ စစ်ကောင်စီနဲ့ ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရယူရမဲ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းမှ ကူညီကယ်ဆယ်ရေးလုပ်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ က ဧပြီလ ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org