ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင် မောင်တော မြို့ကို ရောက်ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် နိုင်ငံတော် သမ္မတက ဖွဲ့စည်းထား တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မောင်တောမြို့ ကို ရောက်ရှိပါတယ်။
-
2014-02-15 -
-
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် နိုင်ငံတော် သမ္မတက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မောင်တောမြို့ကို ရောက်ရှိပါတယ်။
ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ သာလှရွှေနဲ့ အတွင်းရေးမှူး ဒေါက် တာ ကျော်ရင်လှိုင် တို့ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက် သွားတော့မှာဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသာပွင့် က ပြောပါတယ်။
မနက်ဖြန်ကစတင်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွား မှာဖြစ်ကြောင်း သိရပါတယ်။
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာနဲ့ ဒုချီးရားတန်း(အနောက်)ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေမှာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါတဲ့ စုံစမ်းရေးကော်မရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကော်မရှင်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ဇန်နဝါရီလ ၂၈ရက်နေ့က ဒုချီးရားတန်း(အနောက်)ကျေးရွာ မီးလောင်ခဲ့တဲ့ဖြစ်စဉ် အားလုံးကို သုံးသပ်ချက်တွေနဲ့အတူ နိုင်ငံတော်သမ္မတဆီကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။