မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် မူကြမ်းရေးဆွဲနေ

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရာဇဝတ်မှုတွေ လျော့နည်းကျဆင်းရေး ဆိုင်ရာ အားထုတ်မှု တစိတ်တပိုင်းအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် မူကြမ်းရေး ဆွဲနေကြောင်း နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြော ပါတယ်။

ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ နေပြည်တော် သင်္ဂဟဟိုတယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကကျင်းပတဲ့ ၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှစ်ပတ်လည် အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် Photo: Win Ko Ko Latt/RFA

အနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် မူကြမ်းရေးဆွဲနေကြောင်း နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေ က ပြောပါတယ်။

မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးမဟာဗျူဟာမှာ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

နည်းပညာသစ်တွေ ပေါ်ပေါက်လာတာနဲ့အတူ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်အကြမ်းဖက်မှုတွေဟာ လည်း ကျူးလွန်ပုံ နည်းနာတွေ ဆန်းသစ်လာနေတာကြောင့်၊ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းနိုင်ရေးအတွက်၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ဖို့လိုကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

အခုအခါ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNDP ၊ UNICEF ၊ UNODC ၊ ICRC ၊ OHCER စတဲ့ အဖွဲ့တွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပညာပေးသင်တန်းတွေ ပို့ချပေးနေတယ်လို့ သိရပါတယ်။

ဒီအတွင်း မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ ဆောင်ရွက်နေတဲ့ နည်းနာတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ဒူတာတေရဲ့ လုပ်ပုံလုပ်နည်းတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်လို့ IANS သတင်းက ဖေါ်ပြပါတယ်။ ဂျာမဏီမှာ နာဇီခေါင်းဆောင် ဟစ်တလာက ဂျုး လူမျိုး ၆ သန်းကို သတ်ခဲ့သလို၊ ဖိလစ်ပိုင်မှာ မူးယစ်ဆေးနဲ့ ပတ်သက်သူပေါင်း သုံးသန်းလောက်ကို သုတ်သင်ပစ်မယ်လို့ သမ္မတ ဒူတာတေ က ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org