ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေ တဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင် ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။

အင်တာနက် ဘလော့ စာမျက်နှာပေါ်မှာ "ဥပဒေအထက်မှာလွှတ်တော် ရှိနေသလား" ဆိုပြီး ဝေဖန်ရေးသားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာဆိုပြီး ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီက ၁၇ ရက်နေ့က လွှတ်တော်နှစ်ရပ် ပူးတွဲကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့ရာ ထောက်ခံမဲ (၃၄၇)မဲ ၊ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲနဲ့တခဲနက် ထောက်ခံလိုက်တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး ဒေါက်တာ ဆိတ်ဖွားဆိုသူကို စုံစမ်းဖော်ထုတ် အရေးယူဖို့  အတည်ပြုထားပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org