DPNS ကိုယ်စားလှယ်တွေ မန္တလေး အခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံ

ထိုင်းနိုင်ငံအခြေစိုက် DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးအခြေစိုက် အထက်ဗမာပြည်ပါတီဝင် စုစည်းရေးကော်မတီအဖွဲ့ နဲ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်မှာ တွေ့ဆုံပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပါတီရပ်တည်ရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖေ့စ်ဘွတ်စာမျက်နှာ

မန္တလေးမြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးရတာနဲ့ ပတ်သက်လို့ DPNS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးငွေလင်းက RFA ကို အခုလို ပြောပါတယ်။

"ပြန့်ကြဲအင်အားစုတွေကို ကျနော်တို့ပါတီ ပြန်ရောက်လာတဲ့အခါမှာ လက်တွဲပြီးတော့ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ကိစ္စ လူထုကိုအလုပ်အကျွေး အပြုနိုင်ဆုံးပါတီတစ်ရပ် ပြန်ပြီးတည်ဆောက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စအတွက် ရောက်ရှိလာတာဖြစ်ပါတယ်"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်၁၀ဦးဟာ  ရန်ကုန်၊ ပြည်၊ တောင်ငူ တို့က ပါတီစုစည်းရေးအဖွဲ့ဝင်တွေ မနေ့ညက မန္တလေးမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆက်ဆံရေးရုံးရန်ကုန်မှာဖွင့်မယ့်ကိစ္စ၊ အပြန်အလှန်သဘောထားအမြင်ဖလှယ်တာ၊  ပါတီတရားဝင်ရပ်တည်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်၊ စိမ်းရောင်စိုအဖွဲ့တို့နဲ့လည်း တွေဆုံကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org