ဒီကေဘီအေ အပစ်ရပ်စဲရေး စတင်ဆွေးနွေး

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ မြန်မာ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြောင်း ဒီကေဘီအေ တပ်မှူးတွေက အာအက်ဖ်အေကို ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်

တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မီတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် သိန်းဇော်၊ ကရင် ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်း အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ထိပ်ပိုင်း အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မွန်ပြည်နယ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အောက်တိုဘာလ ၂၆ ရက်နေ့က စတင် ဆွေးနွေးခဲ့တာလို့သိရပါတယ်။

ဒီကေဘီအေဘက် ကလည်း အပစ် ရပ်စဲရေး ဆွေးနွေးပွဲတွေ အတွက် ကော်မီတီဖွဲ့ပြီး အကောင်အထည် ဖေါ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်မှာ သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ပထမ ဆွေးနွေးကြဖို့ အချက် ပါရှိပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ဒီကေဘီအေ ပဏာမ ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ တပ်မှူး ဗိုလ်မှူးဆန်းအောင်နဲ့ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org