ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာ အရပ်ဖက်အဖွဲ့တွေ ဆွေးနွေး

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့အတွက် ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို မြောက်ဦး ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ တွေ့ရစဉ် ဓါတ်ပုံ - ဇေယျကျော်

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့အတွက် ပြည်နယ်အခြေစိုက်အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

"ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့" ကို မြောက်ဦး ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ အဖွဲ့ဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာပါ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို အစိုးရက အကောင်အထည်ဖော်နေပြီလို့ ပြောထားပါတယ်။ အဲဒီလိုအကောင်အထည်ဖော်ရာမှာ အရပ်ဖက်အဖွဲ့တွေ ပါဝင်တဲ့ "ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့" ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုသွားမယ်လို့ အဲဒီအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးဇေယျကျော် က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ "ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ" ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာလ ၂၂၊ ၂၃ ရက်တို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org