ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆွေးနွေး
မွတ်စလင်တွေတင်မကဘဲ တိုင်းရင်းသားလူနည်းစုတွေ ဟိန္ဒူတွေအားလုံး လွတ်လပ်စွာသွားလာဖို့ အခက်အခဲ အကျပ်အတည်းတွေ ရှိနေတဲ့အတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ပေး မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောကြားခဲ့ပါတယ်။
-
2018-04-29 -
-
-
မွတ်စလင်တွေတင်မကဘဲ တိုင်းရင်းသားလူနည်းစုတွေ ဟိန္ဒူတွေအားလုံး လွတ်လပ်စွာသွားလာဖို့ အခက်အခဲ အကျပ်အတည်းတွေ ရှိနေတဲ့အတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောကြားခဲ့ပါတယ်။
နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ အစိုးရဌာနဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တေ့ွဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လွတ်လပ်စွာသွားလာခွင့်ဆိုတာဟာ စည်းကမ်းနဲ့ သွားလာခွင့်ကို ဆိုလိုတာဖြစ်ကြောင်း၊ ခရီးထွက်မယ်ဆိုရင် လူတိုင်း အထောက်အထား ယူဆောင်သွားရမှာဖြစ်ကြောင်း လမ်းခရီးမှာ စစ်ဆေးရင် ကြည်ဖြူစွာခံယူဖို့လိုကြောင်း ဒေသန္တရ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုကြောင်းလည်း ဝန်ကြီးက ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွား ဖံ့ွဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးဆောင်ရွက်နေရာမှာ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း အစိုးရဌာနဆိုင်ရာတွေအပြင် ဒေသတွင်းနေထိုင်သူတွေဖြစ်တဲ့ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီ၊ မရမာကြီး၊ သက်၊ ကမန်၊ ဟိန္ဒူ နဲ့ မွတ်စလင်တွေ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ရခိုင်မျိုးနွယ်စုဝင်တွေ တက်ရောက်ခဲ့ပါတယ်။