ခိုးဝင်လာတဲ့ မွတ်စလင်တွေကိစ္စ လွှတ်တော်မှာမေးမြန်း
မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်းပြုလုပ်နေတဲ့ မွတ်စလင်တွေကို ဥပဒေအရ အရေးယူပြီးရင် နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကို သိလိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
-
2019-06-03 -
-
-
မြန်မာနိုင်ငံအတွင်း ခိုးဝင်၊ ခိုးသွင်းပြုလုပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေကို ဥပဒေအရ အရေးယူပြီးရင် နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကိုသိလိုကြောင်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ဖမ်းဆီးမိတဲ့ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်သူတွေဖြစ်ပါက ဥပဒေအရ အရေးယူပြီးရင် သက် ဆိုင်ရာနိုင်ငံ သံရုံးကတဆင့် ပြန်ပို့တာတွေရှိတယ်လို့ ပြောပါတယ်။
တကယ်လို့ သူတို့ဟာ ရခိုင်ပြည်နယ်တွင်းကနေ ပြည်မဒေသဘက်ကို အထောက်အထားမဲ့ ခိုးဝင် လာသူတွေဆိုရင်တော့ ဥပဒေအရ အရေးယူပြီးရင် မူလနေထိုင်ရာ ဒေသတွေကို ပြန်ပို့တယ်လို့ ဝန် ကြီးက ပြောပါတယ်။
ပွင့်လင်းရာသီဖြစ်တဲ့ ဒီလပိုင်းတွေအတွင်း လူမှောင်ခို ပွဲစားတွေကတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ ခိုးဝင်လာသူတွေကို ဖမ်းဆီးမိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် နှောင့်နှေးနေတယ်လို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။