ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ UBP ပါတီ တရားဝင် ဖျက်သိမ်း

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်း တည်ထောင်ထားတဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ကို ရွေးကောက်ပွဲ ဥပဒေနဲ့အညီ တရားဝင် ဖျက်သိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံပိုင် သတင်းစာကနေ ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီဝင်တချို့အား တွေ့ရစဉ်။ Photo: UBP Party

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်း တည်ထောင်ထားတဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ကို ရွေးကောက်ပွဲ ဥပဒေနဲ့အညီ တရားဝင် ဖျက်သိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံပိုင် သတင်းစာကနေ ဒီနေ့ ထုတ်ပြန်ပါတယ်။

UBP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့စည်းထားတာဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ပါတီကို ဘာကြောင့်ဖျက်သိမ်းတယ်ဆိုတာ ပြောလို့မရကြောင်း ဖျက်သိမ်းလိုက်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) က အမည်မဖော်လိုတဲ့ ပါတီဝင်တစ်ဦးက ပြောပါတယ်။

"ပါတီဖျက်သိမ်းဖို့ ကိစ္စကို ဥက္ကဋ္ဌကြီးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင် ကြေညာထားပြီးသားပါ၊ ဘာကြောင့်ဆိုတာတော့ မပြောလိုပါဘူး၊ ဖျက်သိမ်းတာ မှန်ကြောင်းကိုပဲ အတည်ပြုပါမယ်"

UBP ပါတီမှာ ပါတီဝင်အင်အား တစ်သန်းကျော်ရှိပါတယ်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မဲဆန္ဒနယ်တစ်ခုမှ အနိုင်ရတာမျိုး မရှိခဲ့ပါဘူး။

ပါတီတည်ထောင်သူ သူရဦးရွှေမန်းဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သလို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org