ကွပ်မျက်မှုဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ IIMM ပြော

သေဒဏ်အမိန့်ကျခံထားရသူတွေကို စစ်ကောင်စီက ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

IMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) ကို ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ Photo: UN

သေဒဏ်အမိန့်ကျခံထားရသူတွေကို စစ်ကောင်စီက ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က စက်တင်ဘာ ၂၃ ရက်က ပြောလိုက်ပါတယ်။

ဒီလိုကွပ်မျက်တယ်ဆိုတာ Crimes Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်ဖို့ IIMM ကို ၂၀၁၈ က ဖွဲ့စည်းခဲ့ပါတယ်။ မနှစ်က တံခါးပိတ် အမှုစစ်ဆေးပြီး သေဒဏ်မိန့်ချမှတ်ခဲ့သူတွေကို မကြာခင်ကွပ်မျက်နိုင်တယ်ဆိုတဲ့ သတင်းတွေ ရရှိထားတယ်လို့ဆိုပါတယ်။

တရားသဖြင့် မျှမျှတတ အမှုစစ်ဆေးဖို့ အခြေခံလိုအပ်ချက်တွေ မရှိတာကို အခြေခံတဲ့ သေဒဏ်မိန့်ချမှတ်တာ ဒါမှမဟုတ် ဖမ်းဆီးထားတာတောင် လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်ရာ ဒါမှမဟုတ် စစ်ရာဇဝတ်မှုတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ကျူးလွန်ရာရောက်တယ်လို့ (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)က ကြေညာချက်မှာ ရေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org