ဒေါ်ခင်ဝင်း မိသားစု အစိုးရ လျော်ကြေး လက်မခံ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်းအတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ က လျော်ကြေးငွေပေးမယ်ဆိုပြီး ဒေါ်ခင်ဝင်းရဲ့ သမီးဖြစ်သူ မဝင်းခိုင်ကို မနေ့က ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစီမံကိန်းမှာ သေနတ်ဒဏ် ရာနဲ့ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း (၅၃) နှစ် ဈာပနကို ဆည်တည်း၊ ဇီးတောနဲ့ ကျောက်ဖြူတိုင်ကျေး ရွာတွေက နွားလှည်းတွေနဲ့ သွားရောက်စဉ် Kyaw Zaw Win/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေ ဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ စုံစမ်း စစ်ဆေးရေးအဖွဲ့က လျော်ကြေးငွေပေးမယ် ဆိုပြီး ဒေါ်ခင်ဝင်းရဲ့ သမီးဖြစ်သူ မဝင်းခိုင်ကို မနေ့က ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။

အစိုးရကပေးတဲ့လျော်ကြေးငွေကို လက်မခံနိုင်ဘူး ဆိုတာ ပြောခဲ့တယ်လို့ ဒေါ်ခင်ဝင်းရဲ့သမီးဖြစ်သူ မဝင်းခိုင်က ပြောပါတယ်။

"ကျမကို သမီးအမေ သေဆုံးမှုကို အစိုးရကငွေပေးရင် ယူနိုင်မလားလို့ မေးပါတယ်ရှင့်၊ ကျမအနေနဲ့ကတော့ ကျမအမေ အသက်တစ်ချောင်းဆုံးတာ ငွေနဲ့လဲလာရင် အဲ့တရားခံကိုခေါ်ပေးပါ၊ ကျမကိုယ်တိုင် သတ်မယ် ၊ လျော်ကြေးငွေလည်း ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ် ရှင့်၊ လက်သင့်မခံနိုင်ပါဘူးရှင့်၊ ဒါပေမဲ့ အစိုးရကပေး ရင် ယူယူ မယူယူ ပေးမှာပဲလို့ ပြောပါတယ်ရှင့်"

မနေ့က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူဇော်၊ မုံရွာခရိုင် ဥပဒေအရာရှိ ဒေါ်နန်းသိန်းမေနဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူတွေက ဒေါ်ခင်ဝင်းရဲ့သမီးဖြစ်သူ မဝင်းခိုင်ကို ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ပဋိပက္ခမှာ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ဒေသခံတောင်သူ ၁ဝ ဦး ဒဏ်ရာရခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဦးကြည်နိုင်၊ တိုင်းနဲ့ ခရိုင်ရဲမှူးတွေကို တရားဥပဒေ အရအရေးယူပေးဖို့အတွက် ဒေါ်ခင်ဝင်းရဲ့မိသားစုဝင်တွေနဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ အမှုကိုလက်မခံသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org