ဆီအုန်းကုမ္ပဏီနဲ့ ဒေသခံ ကြား မြေယာပြဿနာဖြေရှင်းဖို့ အချိန်ကြာမြင့်နိုင်
တနင်္သရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် မှာ ခွင့်ပြုကာလအတွင်း အပြီးစိုက် ပျိုးနိုင်ခြင်းမရှိတဲ့ ဆီအုန်းကုမ္ပဏီတွေရဲ့ မြေတွေကို ခွင့်ပြုမိန့် နဲြ့ပန်ရုပ်သိမ်းနိုင်မှ ဒေသခံတွေနဲ့ ကုမ္ပဏီတွေ ကြား ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် အချိန်ကာလ တခု ကြာမြင့်နိုင်တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။
-
2017-06-29 -
-
-
တနင်္သရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှာ ခွင့်ပြုကာလအတွင်း အပြီးစိုက်ပျိုးနိုင်ခြင်းမရှိတဲ့ ဆီအုန်းကုမ္ပဏီတွေ ရဲ့ မြေတွေကို ခွင့်ပြုမိန့်ပြန်ရုပ်သိမ်းနိုင်မှ ဒေသခံတွေနဲ့ ကုမ္ပဏီတွေကြား ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် အချိန်ကာလတခု ကြာမြင့်နိုင်တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဘုတ်ပြင်းလွှတ်တော် ကိုယ်စားလှယ် ဦးဆွေမြင့်က ဒေသခံတွေနဲ့ ဆီအုန်းကုမ္ပဏီကြား ဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်နိုင်ခြင်း ရှိမရှိမေးမြန်တာကို ဝန်ကြီးက အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးက စီမံခန်ခွဲမှုမပြီးတာကြောင့် ပြည်သူကိုချမပြနိုင်တာလို့ ဖြေရှင်းပေမယ့် တစ်နှစ်ကျော် ကြာအောင် စောင့်နေရတာကြောင့် ပြည်သူတွေဘဝရပ်တည်ရေး အခက်အခဲဖြစ်နေပြီး အမြန်ဆုံးဖြေ ရှင်းစေချင်တယ်လို့ ဘုတ်ပြင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဆွေမြင့် က ပြောပါတယ်။
စိုက်ပျိုးမြေတွေဟာ သစ်တောမြေနဲ့ ကုမ္ပဏီပိုင်မြေတွေဖြစ်နေပြီး ဒေသခံတွေဟာ စိုက်ပျိုးမြေအတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ဦးဆွေမြင့်က ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာ ဆီအုန်းစိုက်ပျိုးဖို့အတွက် ယုဇန၊ တောင်ဒဂုံ၊ အဏ္ဏဝါထွန်းနဲ့ ပိုကောင်းစတဲ့ ကုမ္ပဏီ ၄ ခုကို မြေဧက ၉၅ဝဝဝ ကျော် ခွင့်ပြုထားပေမယ့်ဧက ၁၈ဝဝဝ နီးပါး စိုက်ပျိုးဖို့ ကျန်ရှိနေတာကြောင့် ပြန်လည် သိမ်းယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိဘုတ်ပြင်းမြို့နယ်မှာ ယုဇနနဲ့ တောင်ဒဂုံကုမ္ပဏီ၂ ခုဟာ ဒေသခံတွေနဲ့ မြေဧက ၉ ထောင်ကျော် မှာ မြေယာပြဿနာ ဖြစ်ပွားနေတာကိုတွေ့ရကြောင်း ဝန်ကြီးက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
တချို့ဒေသခံတွေဟာ ကုမ္ပတွေမစိုက်ပျိုးတဲ့မြေတွေမှာ သွားရောက်စိုက်ပျိုးပေမယ့် ကုမ္ပဏီကတရားစွဲဆိုတာတွေ ရှိနေပါတယ်။