ထားဝယ်ခရိုင် ဗကသအဖွဲ့ချုပ် ရေဘေးဒုက္ခသည်တွေကို ကူညီ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင်က စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီနေတယ်လို့ သတင်းရရှိပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ရေကြီးနေ၍ အခက်အခဲဖြစ်နေသော ပြည်သူများကို ထားဝယ်ခရိုင် ဗကသ အဖွဲ့ချုပ်က ကူညီနေစဉ်။ Photo:ABFSU

အဲဒီမှာ မိုးများပြီး ရေကြီးနေတာ ၃ ရက်လောက် ရှိနေပြီး မြို့ခံတွေရဲ့ အခက်အခဲကို ကူညီနေတာလို့ ဗကသများ အဖွဲ့ချုပ် ထားဝယ်ခရိုင် ဒု-ဥက္ကဋ္ဌ မဝင့်ဝါကျော်က RFA ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှာ ၄ ပေကျော်လောက် ရေတက်နေပြီး များသောအားဖြင့် အိမ်အောက်ထပ်တွေမှာ နေလို့မရတော့ဘဲ အပေါ်ထပ်တွေမှာ နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီ ဒုက္ခရောက်နေသူတွေကို ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေအပြင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေသခံ လူမှုရေး အသင်းအဖွဲ့တွေရော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကပါ အစားအသောက်တွေ လိုက်ကူညီနေတယ်လို့လည်း မဝင့်ဝါကျော်ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org