ဟင်္သာတနဲ့ ပြည်မြို့ အခမ်းအနား များမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လာမယ့် မတ်လ ၁ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားကို အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
-
2015-02-23 -
-
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လာမယ့် မတ်လ ၁ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် အခမ်းအနားတွေကို ဒီနှစ်တစ်နှစ်လုံး ကျင်းပမှာဖြစ်တယ်လို့ ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောပါတယ်။
"ဗိုလ်ချုပ်ရာပြည့်ပွဲအနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ဗဟိုကလည်းပဲ ရာပြည့်နှစ်အနေနဲ့ပေါ့နော် ညွှန်ကြား ထားသလို ကျနော်တို့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ပွဲကို မြို့နယ်တိုင်း နယ်မြေတိုင်းမှာလည်း ကျင်းပသွား မှာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာပါမယ်၊ ဗိုလ်ချုပ်ရဲ့ကောင်းတဲ့ အစဉ်အလာတွေ စိတ်ဓါတ်တွေကို လူငယ်တွေသိရှိအောင်၊ လူငယ်တွေ အတုယူနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်"
အဲဒီအခမ်းအနားကို ပြည်မြို့က ရွာဘဲရပ်ကွက်၊ လေးထပ်ပြင်ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
အလားတူပဲ ဒီလ ၂၈ရက်နေ့ ဟင်္သာတမြို့မှာ ကျင်းပမယ့် ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။