မိုင်ဂျာယန်ညီလာခံ ပြည်ထောင်စု ညီညွတ်ရေးအတွက် ဖြစ် ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း

မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံ ဟာ ပြည်ထောင်စုညီညွတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည်တာဖြစ်ပါစေလို့ ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပြောကြားလိုက် ပါတယ်။

ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ဇူလိုင် ၂၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသတင်းမီဒီယာများ တွေ့ဆုံခဲ့စဉ် Photo: Zaw Htay (facebook)

မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံဟာ ပြည်ထောင်စုညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အတွက် ဦးတည်တာဖြစ်ပါစေလို့ ဒေါ်အောင်ဆန်းစုကြည်က  ဆုတောင်းပြောကြားလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဇူလိုင် ၂၆ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံတွေ အားလုံးညီညီညွတ်ညွတ် ရပ်တည်နိုင်ရင် ပိုပြီးအင်အား ရှိမှာဖြစ်သလို မြန်မာနိုင်ငံတွင်းမှာလည်း  ညီညွတ်မှုရှိရင် နိုင်ငံ့အင်အား ပိုမို တောင့်တင်းလာမှာဖြစ်တယ် လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင် လူအများအာရုံစိုက်နေကြတဲ့ တောင်တရုတ်ပင်လယ်ပြဿနာနဲ့ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး ပြသနာတွေကို အာဆီယံအစည်းအဝေးတွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထောက်တွေကို သူက ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အာဆီယံအစည်းအဝေးကို ပထမဦးဆုံးအကြိမ် တက်ရောက်တာဖြစ်တဲ့ အတွက် လေ့လာရတာတွေရှိပြီး မြန်မာနိုင်ငံခြားရေးရုံး အဖွဲ့ဝင်တွေထံကနေ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို သင်ယူခဲ့ရတယ်လို့ အသိအမှတ်ပြု ပြောဆိုခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org