ကမ္ဘောဒီယား အတိုက်အခံ ခေါင်းဆောင် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ကမ္ဘောဒီယားနိုင်ငံက ပြည်ပရောက် အတိုက်အခံ Sam Rainsy ဟာ စနေနေ့က ရန်ကုန်မြို့မှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီရေး အတွက် ရုန်းကန်လှုပ်ရှားရတာတွေကို ဆွေးနွေးတယ်လို့ Mr Sam Rainsy ရဲ့ ပြောခွင့်ရသူ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
-
2013-03-09 -
-
-
ကမ္ဘောဒီယားနိုင်ငံက ပြည်ပရောက် အတိုက်အခံ Sam Rainsy ဟာ စနေနေ့က ရန်ကုန်မြို့မှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားရတာတွေကို ဆွေးနွေးတယ်လို့ Mr Sam Rainsy ရဲ့ ပြောခွင့်ရသူ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ဒီမိုကရေစီရေးဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို အမြင်ဖလှယ်ကြပြီး၊ နှစ်နိုင်ငံမှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေးကိစ္စများအတွက် တွန်းအားပေးဆောင်ရွက်နိုင်တာများကို ဆွေးနွေးတယ်လို့ သိရပါတယ်။
ကမ္ဘောဒီယားနိုင်ငံ အမျိုးသားလွတ်မြောက်ရေးပါတီ ခေါင်းဆောင် Sam Rainsy ဟာ လက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အဓိကပြိုင်ဘက်အတိုက်အခံ ပါတီခေါင်းဆောင်ဖြစ်ပြီး ရာဇဝတ်ပြစ်မှုနဲ့ အာဏာပိုင်တွေ အလိုရှိနေတာကြောင့် ပြင်သစ်နိုင်ငံကို တိမ်းရှောင်နေရပါတယ်။
သူ့ကို စွပ်စွဲထားတာတွေဟာ နိုင်ငံရေးအရ ဆောင်ရွက်ထားတာဖြစ်တယ်လို့ သုံးသပ်သူတွေကပြောပါတယ်။ Mr Sam Rainsy ဟာ သောကြာနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး NLD ပါတီရဲ့ နိင်ငံလုံးကျွတ် ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။