NLD နိုင်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဦးတည်ကြိုးပမ်းမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် တိုင်းရင်း သားတွေ အပါအဝင် လူထုလူတန်းစားအားလုံး အဖွဲ့အစည်း အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကတိပေးပြော ကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် တိုင်းရင်းသားတွေ အပါအဝင် လူထုလူတန်းစားအားလုံး အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ကတိပေးပြောကြားလိုက်ပါတယ်။

ခန္တီးမြို့မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေ းဟောပြောပွဲမှာ သူက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အခု ကျမပြောတဲ့စကားကို မှတ်ထားပါ၊ ကျမတို့ ရွေးကောက်ပွဲမှာ နိုင်ခဲ့လို့ရှိရင် ကျမတို့ဟာ သဘောထား ကြီးစွာနဲ့ အားလုံးကိုလက်ကမ်းကြိုဆိုပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သွားမှာဆိုတာကို ကျမတို့ကတိပေးပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေမှာ သူတို့ပါတီက ဝင်ရောက်ယှဉ်ပြိုင်တာဟာ နေရာ လာလုတာမဟုတ်ပဲ ပြည်ထောင်စုလွတ်တော်မှာ ပြတ်ပြတ်သားသား နေရာအများစုရရှိဖို့ အင်မတန် အရေးကြီး တဲ့အတွက် ဖြစ်ပါတယ်လို့ပြောပါတယ်။

ဒီကနေ့ ဟောပြောပွဲကို လူတစ်သောင်းခန့် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဒီကနေ့ ညအိပ်ရပ်နားပြီး မနက်ဖြန် ထမံသီနဲ့ ဟုမ္မလင်းကို ခရီးဆက်မှာဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org