ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်ခံရမှု CPJ ရှုတ်ချ

Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကား ကုန်းသီးနဲ့အနီးကပ် တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် CPJ- သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြစ်တင်ရှုတ်ချ လိုက်ပြီး ဒီဖြစ်ရပ်ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူ ဖို့ မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက် ပါတယ်။

ကုန်းသီးနဲ့ အတိုက်ခိုက်ခံရတဲ့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ကားကို ဇူလိုင်လ ၁၄ ရက်နေ့ က တွေ့ရစဉ် Photo: ELEVEN MEDIA GROUP Facebook

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကား ကုန်းသီးနဲ့အနီးကပ် တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် CPJ- သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူ ဖို့ မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဗဟန်းမြို့နယ်မှာ ယာဉ်ကြောပိတ်တုန်း ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ ကားကို လေးခွကုန်းသီးနဲ့ အင်္ဂါနေ့က အနီးကပ်ပစ်ခတ်ပြီးတဲ့နောက် အဌားယာဉ် တစ်စီးနဲ့ အဲဒီပစ်ခတ်တဲ့လူတွေက ထွက်ပြေးသွားတယ်လို့ CPJ က ဖော်ပြ ပါတယ်။

Eleven Media Group ဟာ နေ့စဉ်သတင်းစာ၊ အင်တာနက်ရုပ်သံလိုင်းနဲ့ အပတ်စဉ် ဂျာနယ် ထုတ်ဝေဖြန့်ချီနေ ပြီး ဒေါက်တာသန်းထွဋ်အောင်ဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို အနှောင့်အယှက်ပေးနေတာ ကို သတင်းစာမှာ ဝေဖန်သုံးသပ်လေ့ရှိတယ်လို့လည်း CJP က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org