လားရှိုးအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၂၉ ဦးကို ခြေချုပ်ပြစ်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၂၉ ဦးကို အများပြည်သူ အသုံးပြုရာလမ်းမမှာ စုဝေးသွားလာမှုနဲ့ လားရှိုးမြို့နယ် တရားရုံးက ၁၄ ရက်တစ်ခါ လက်မှတ် လာရောက်ထိုးရတဲ့ ခြေချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၂၉ ဦးကို အများပြည်သူ အသုံးပြုရာလမ်းမမှာ စုဝေးသွားလာမှုနဲ့ လားရှိုးမြို့နယ်တရားရုံးက ၁၄ ရက်တစ်ခါ လက်မှတ်လာရောက်ထိုးရတဲ့ ခြေချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အဲဒီ၂၉ ဦးကို မနေ့က အမှတ် () ရဲစခန်းနဲ့ အမှတ် () ရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးတဲ့အခါမှာ  ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။

လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က အဲဒီမီးရှို့တဲ့သူကို လားရှိုးမြို့နယ်တရားရုံးက ပုဒ်မ ၃ဝ၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၆ () အရ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၂၆ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရသူ စုစုပေါင်း ၆ဝ ထဲက ကျန်တဲ့ ၃၁ ဦးကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ မြို့နယ်တရားသူကြီး ဦးနေဝင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org