ကိုထင်ကျော်ကို တရားရုံးက ပြန်လွှတ်ပေး

မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာ နေထိုင် သူတွေရဲ့ နေအိမ်တွေကို အာဏာပိုင်တွေ သိမ်းယူပြီး နန်းထိုက်တော်ဝင် စားသောက် ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ပြန်လည်ရောင်းချခဲ့တဲ့အပေါ် သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကြောင့် အင်းစိန်ထောင် မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုထင်ကျော်နဲ့ အိမ်ပိုင်ရှင်နှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ဒီကနေ့မှာ ကိုယ်ပိုင်အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက် ပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြနေတဲ့ ကိုထင်ကျော်ကို မေလ ၂၂ ရက်နေ့က တွေ့ရစဉ် photo: RFA / Kyaw Htoon Naing

မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာ နေထိုင်သူတွေ ရဲ့ နေအိမ်တွေကို အာဏာပိုင်တွေသိမ်းယူပြီး နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ပြန်လည်ရောင်းချခဲ့တဲ့အပေါ် သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကြောင့် အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုထင်ကျော်နဲ့ အိမ်ပိုင်ရှင်နှစ်ဦးကို မြောက်ဥက္ကလာပ မြို့နယ် တရားရုံးက ဒီကနေ့မှာ ကိုယ်ပိုင်အာမခံ နဲ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။

နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းက အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ ကိုထင်ကျော်၊ ဦးလူအေးနဲ့ မစိန်အေးတို့ ၃ ဦးကို တရားစွဲဆိုထားတာပါ။

အဲဒီအမှုကို မေလ ၂၃ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံငွေ ငါးသိန်းပေးသွင်းကာ အမှုကိုဆက်လက်ရင်ဆိုင်ဖို့ တရားရုံးက အမိန့်ချရာမှာ ကိုထင်ကျော်တို့ ၃ ဦးက အာမခံကြေးပေးသွင်းဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့တရားရုံးမှာတော့ အာမခံကြေးပေးသွင်းဖို့မလိုပဲ ကိုယ်တိုင်ခံဝန်ချက်နဲ့ အမှုကိုဆက်လက်ရင်ဆိုင်နိုင်တယ်လို့ ဒီနေ့ဆုံးဖြတ်ခဲ့တာပါ။ တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က ဒီနေ့ရုံးချိန်းနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

"ဒီကနေ့ကျတော့ တရားသူကြီးက ငွေငါးသိန်းဆိုတာ အဖြစ်ပြောတာပါတဲ့၊ ခင်ဗျား ငါးသိန်းတင်စရာမလိုပါဘူးတဲ့၊ ဒီအတိုင်းယူလို့ရပါတယ်၊ မိမိကိုယ်တိုင်ရုံးချိန်းကိုလာပြီးမှ တရားရုံးရင်ဆိုင်မယ်ဆိုရင် ကိုယ်ပိုင်ခံဝန်နဲ့ပဲ နေလို့ရပါတယ်၊ အဲဒါနဲ့ပဲ ကိုယ်ပိုင်ခံဝန်နဲ့ ၆ ရက်နေ့ တရားရုံးကို ရင်ဆိုင်ဖို့အတွက် အာမခံမဲ့ပေါ့ဗျာ ရခဲ့တယ်"

ဒီကနေ့ရုံးချိန်းကို မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က မြေသိမ်းခံရသူတွေနဲ့ သင်္ယန်းကျွန်းမြို့နယ် မီးကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေက တရားစွဲခံထားရသူတွေကို လာရောက်အားပေးခဲ့ပါတယ်။ ဒီအမှုရဲ့ တတိယမြောက်ရုံးချိန်းကို ဇွန်လ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org