ကျောက်မီးသွေး ဘေးထွက် ဆိုးကျိုး ဟောပြောပို့ချ

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစီမံကိန်းရဲ့ လူနဲ့သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ပညာပေးသင်တန်းတစ်ရပ် ဟောပြောဆွေးနွေးခဲ့ကြရာမှာ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းရဲ့ လူနဲ့သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ပညာပေးသင်တန်းတစ်ရပ် ဟောပြောဆွေးနွေး ခဲ့ကြရာမှာ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ဟောပြောပို့ချပွဲကို  ရန်ကုန်မြို့ Capacity Development Centre မှာ မတ်၂၂ ရက်နေ့က  ကျင်းပခဲ့တာပါ။

အဲဒီ သင်တန်းမှာ ဒေါက်တာခင်မောင်ညို(ဓာတုဗေဒ)၊ ဦးစိန်မြင့်၊ ဦးစောမိုးမြင့် နဲ့ ဒေါ်ဒေဝီသန့်စင် တို့က ဆွေးနွေးပို့ချခဲ့ကြပါတယ်။  ဒေါက်တာခင်မောင်ညို က ကျောက်မီးသွေးအကြောင်း သိကောင်းစရာ၊ ဦးစောမိုးမြင့်က ကျောက်မီးသွေး နဲ့ ပတ်ဝန်းကျင်၊ ဦးစိန်မြင့်က သေမင်းတမန်လား စွမ်းအင်လား စတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောခဲ့ကြပါတယ်။

ကွမ်းခြံကုန်း မြို့နယ်မှာ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် သုံးထောင်ကျော် ထုတ်လုပ်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်း အပေါ် ဒေသခံတွေက ကန့်ကွက်နေကြတာပါ။

အဲဒီ စီမံကိန်းမှာ စက်ရုံ (၃) ရုံ တည်ဆောက်မှာဖြစ်ပြီး၊ စီမံကိန်းပြီးစီးရင် မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org