ဆေးဝါးအတုနဲ့ သက်တမ်း လွန်ဆေးဝါး ကျပ်သိန်းပေါင်း ၃သောင်းနီးပါးဖိုး ဖမ်းဆီးရမိ

ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည် စုံဈေးမှာ ကျပ်သိန်းပေါင်း ၃သောင်း နီးပါးရှိတဲ့ BPI ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေး ဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည်စုံဈေးတွေက ဖမ်းဆီးရမိခဲ့တဲ့ ဆေးဝါးအတုတွေနဲ့ သက်တမ်းလွန်ဆေးတွေကို နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ စက်တင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြသထားစဉ် Photo: Win Ko Ko Latt/RFA

ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည်စုံဈေးမှာ ကျပ်သိန်းပေါင်း ၃သောင်းနီးပါးရှိတဲ့ BPI ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဖမ်းဆီးရမိခဲ့တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ ဆေးဝါးအတုတွေနဲ့ သက်တမ်းလွန်ဆေးဝါးတွေ ဖမ်းဆီးရမိမှုအခြေအနေရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ေပြာတာဖြစ်ပါတယ်။

"ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေးဝါးတွေ၊ BPI ဆေးဝါးအတုတွေ၊ ဆေးဝါးအတုလုပ်တဲ့ စက်ပစ္စည်းတွေ၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၃သောင်းနီးပါးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်"

အဲဒီလိုဖမ်းဆီးရာမှာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည့်စုံဈေးက ဆေးဝါးအတု ၄၄ မျိုး၊ ဆေးပြားတံဆိပ်အတု ၈ မျိုး၊ လိမ်းဆေးအတု ၂ မျိုး၊ ထိုးဆေးတံဆိပ်အတု ၈ မျိုး စုစုပေါင်း တံဆိပ်အတု ၁၈ မျိုး၊ သက်တမ်းလွန်ဆေးဝါး ၉၈ မျိုး၊ သံသယဖြစ်ဖွယ်ဆေးဝါး ၂၁ မျိုး၊ ဆေးဝါးအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဖလင်ပြားတွေ၊ ကုန်ကြမ်းတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးဝါးအတုပြုလုပ်ရောင်းချသူ ၇ ဦး၊ ဆေးဝါးအတုပြုလုပ်သူ ၄ ဦး၊ တံဆိပ်အတုပြုလုပ်သူ ၂ ဦးနဲ့ သက်တမ်းလွန်ဆေးဝါးသိုလှောင်ထားသူ ၁ ဦးစုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးထားပြီး အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေးဝါးတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org