တရုတ်စီမံကိန်းတွေ ကာကွယ်ဖို့ တရုတ်သံအမတ် ထပ်မံပြောဆို

ဒီတွေ့ဆုံမှုမှာ တရုတ်စီမံကိန်းတွေကို အကာအကွယ်ပေးရေးအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျားနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံစဉ်။ Chinese Embassy in Myanmar

မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အကာအကွယ်ပေးရေးကိစ္စအတွက် တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံချိန် နှစ်ဦးနှစ်ဖက် ပြောဆိုဆွေးနွေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဩဂုတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဟာ နေပြည်တော်မှာ ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုမှာ တရုတ်စီမံကိန်းတွေကို အကာအကွယ်ပေးရေးအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့ ဩဂုတ်လ ၂၁ ရက်နေ့ တွေ့ဆုံချိန်မှာလည်း တရုတ်စီမံကိန်းတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သဘောတူညီမှုရတယ်လို့လည်း တရုတ်သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ဆယ်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အပြည့်အဝထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org