ငလျင်ဒဏ်သင့်ဒေသတွေ ပြန် လည် ထူထောင်ရေး တရုတ် သံအမတ် ဒေါ်လာတသိန်း လှူဒါန်း

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ် ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ဒေ သတွေ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်း တထောင့်နှစ်ရာကျော်) လှူဒါန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အမေရိကန်ဒေါ်လာတသိန်း စက်တင်ဘာလ ၅ ရက်နေ့က လှူဒါန်းစဉ် Photo: မြန်မာနိုင်ငံကြက်ခြေနီအသင်း/ Facebook

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ဒေသတွေ ပြန်လည်ထူထောင်ရေး အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်းတထောင့်နှစ်ရာကျော်) လှူဒါန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က တရုတ်နိုင်ငံ ကြက်ခြေနီအသင်းကိုယ်စား လှူဒါန်းခဲ့တာဖြစ်ပါတယ်။

လှူဒါန်းငွေတွေထဲက တချို့ကို ငလျင်ကြောင့်ပျက်စီးသွားတဲ့ ပုဂံဒေသက ရှေးဟောင်း စေတီပုထိုးတွေ ပြုပြင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့အလှူငွေတွေကို ပုဂံဒေသပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ပါတယ်။

လှူဒါန်းငွေအသုံးပြုမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို ပြန်လည်တင်ပြမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org