ဂန့်ဂေါမှာ ရွာသုံးရွာက ကလေး နှစ်ရာနီးပါး ရေကျောက်ရောဂါ ဖြစ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ရွာသုံးရွာမှာ ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး ကလေး နှစ်ရာနီးပါး ရေကျောက်ရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ကျေရွာများတွင် ကလေးများ ရေကျောက်ရောဂါ ဖြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ရွာသုံးရွာမှာ ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး ကလေး နှစ်ရာနီးပါး ရေကျောက်ရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထယ်လှော်ရွာမှာ ကလေး အယောက် ၅၀ ခန့်၊ ကျော်ရွာမှာ ကလေး အယောက် ၅၀ ခန့်နဲ့ လာပို့ရွာက ကလေး ၈၀ ခန့် ဖြစ်နေပြီး ဂန့်ဂေါမြို့နယ်က အခြားကျေးရွာတွေမှာလည်း ကလေးအချို့ အခုလို ရေကျောက်ရောဂါ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

အသက် သုံးနှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာ အများဆုံးဖြစ်ပွားနေကြတာလို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရောဂါက အရင်ကလည်း ဖြစ်ကြတယ်။ နှစ်စဉ် ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ အရင်ဆုံး အဖုအပိန့်တွေထွက်တယ် ပြီးရင် ဖျားတယ် ငါးရက်လောက် အဖုအပိန့်တွေ အစုံထွက်ပြီးမှ ရောဂါပျောက်တာဗျ"

လက်ရှိ ရေကျောက်ရောဂါ ဖြစ်နေတဲ့ ကလေးတွေမှာ အသက်အန္တရာယ် ထိခိုက်မျိုးတွေ မရှိပေမယ့် ရောဂါပျောက်ဖို့ ၁၀ ရက်ကျော်လောက် ကြာတယ်လို့ ပြောပါတယ်။

ကူးစက်လွယ် ရောဂါဖြစ်တာကြောင့် မိဘတွေကတော့ သားသမီးတွေကို နီးစပ်ရာ ကျန်းမာရေးဆရာတွေဆီမှာ ပြသပေးနေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org