မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့ ကာဒီနယ် ချားလ် မောင်ဘို မိန့်ကြား

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီကတည်ဆောက်ဖို့ စီစဉ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း၊ အပြီးအပိုင်ရပ်တန့်ပေးဖို့ ကက်သလစ် သာသနာပိုင် ကာဒီနယ် ချားလ်စ် မောင်ဘိုက ဗီဒီယိုကြေညာချက် တစ်စောင် ဧပြီလ ၁၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရိုမန်ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘို ကို တွေ့ရစဉ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီကတည်ဆောက်ဖို့ စီစဉ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း၊  အပြီးအပိုင်ရပ်တန့်ပေးဖို့  ကက်သလစ် သာသနာပိုင် ကာဒီနယ် ချားလ်စ် မောင်ဘိုက ဗီဒီယိုကြေညာချက် တစ်စောင် ဧပြီလ ၁၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းဆုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် သမ္မတ ရှင်ကျင်းဖျင်တို့ထံ လိပ်မူပြီးတောင်းဆိုလိုက်တာပါ။ တောင်းဆိုချက်မှာ မြစ်ဆုံဆည် တည်ဆောက်မယ့်နေရာဟာ ကချင်လူမျိုးတွေရဲ့ သမိုင်းနဲ့ ရိုးရာတည်ရှိတဲ့ နေရာဖြစ်သလို၊ မိခင်ဧရာဝတီမြစ်ကြီးဟာ မြန်မာတစ်နိုင်ငံလုံးရဲှု အသက်သွေးကြောဖြစ်ပြီး တည်ဆောက်မယ့် ဆည်ကြောင့် မြစ်ကို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားများအားလုံး ဆိုးကျိုးများကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဒီထုတ်ပြန်ချက်ကို ကာဒီနယ် ချားလ်စ် မောင်ဘို ဖီလစ်ပိုင်နိုင်ငံ မနီလာကို ခေတ္တ ရောက်ရှိနေစဉ်မှာ ကချင်နှင့် မြန်မာ ဘာသာစကား (၂) မျိုးပြောဆိုပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ကချင် update news မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org