အချုပ်ခန်း ဖောက်ပြေးသူများ ရဲ ပစ်ခတ်ဖမ်းလို့ သုံးဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မြို့မရဲစခန်းမှာ ဇူလိုင်လ ၂၆ ရက် ည ၇ နာရီကျော်လောက်က အချုပ်ခန်း ဖောက် ဖျက်ထွက်ပြေးတဲ့ မူးယစ်ဆေးဝါးတရားခံ ၇ ဦးကို ရဲတပ်ဖွဲ့ ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာမှာ တရားခံ ၃ ဦးသေဆုံး သွားပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မြို့မရဲစခန်းရှိ ဇူလိုင်လ ၂၆ ရက်ည ၇ နာရီအချိန်က ဖောက်ဖျက်ခံရတဲ့ အချုပ်ခန်းကို တွေ့ရစဉ် Photo:Shan police office

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မြို့မရဲစခန်း မှာ ဇူလိုင်လ ၂၆ ရက် ည ၇ နာရီကျော်လောက်က အချုပ်ခန်း ဖောက်ဖျက်ထွက်ပြေးတဲ့ မူးယစ်ဆေးဝါး တရားခံ ၇ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာ မှာ တရားခံ ၃ ဦးသေဆုံးသွားပြီး ၄ ဦးဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

တရားခံတွေ အချုပ်ခန်းဖောက်ထွက်ပြေးဖို့ ကြိုးစား တာနဲ့ပတ်သက်ပြီး  ကျောက်မဲမြို့၊ မြို့မရဲစခန်းက ရဲတပ် ကြပ်သန်းဝင်းက RFA ကို အခုလို ပြောပါတယ်။

"မနေ့ညက ကျနော်တို့အချုပ်ခန်းမှာ တရားခံ ၅ ဦးက ကင်းကျတဲ့ သော့ဖွင့်ပေးတဲ့ ရဲဘော်လေး ကို ဆောင့်ထိုးပြီးတော့ရယ်၊ လုံးထွေးပြီးတော့ ရယ် သစ်သားပြားတွေကို ခွာပြီးတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရန်ပြု ရိုက်နှက်ပါတယ် ခင်ဗျ၊ စခန်းမှူးရယ်၊ တာဝန်မှူးရယ် ကင်းအဖွဲ့က ၃ ယောက်ရယ် ကျနော်တို့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်၊ တပ်ဖွဲ့ဝင်တွေက လက်နက်ထုတ်ပြီးတော့ ပစ်ခတ်ဖမ်းဆီးလိုက်ရပါတယ်၊ တရားခံ ၇ ထဲမှာ ၃ ယောက် ကိုတော့ နေရာမှာတင် ပစ်ခတ်ဖမ်းဆီးရတဲ့အတွက်ကြောင့် သေဆုံးသွား ရပါတယ်"

အဲ့ဒီဖြစ်စဉ်မှာ တရားခံတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြပြီး စခန်းမှူးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org