မောင်သန့်ဘုန်းဝေယံတို့ သားအမိ အဆက်အသွယ် ပြတ်တောက်နေ

အသက် သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ မိခင်ဖြစ်သူတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတာ တစ်ပတ်ရှိပြီဖြစ်ရာ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် အသက် သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနှင့် မိခင်ဖြစ်သူ မဝေတို့ကို တွေ့ရစဉ် Photo: CJ

အသက် သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ မိခင်ဖြစ်သူတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတာ တစ်ပတ်ရှိပြီဖြစ်ရာ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိသားစုဝင်တွေက နီးစပ်ရာ ရဲစခန်းတွေမှာ လိုက်စုံစမ်းခဲ့ပေမယ့် ဖမ်းဆီးထားတာ မရှိဘူး လို့ ငြင်းဆိုကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ညီမလေးနဲ့ တူလေး ရှိနိုင်တဲ့နေရာတွေကို လိုက်စုံစမ်းပါတယ်၊ တိကျတဲ့အဖြေ မရဘူး၊ အခုဆို ဖမ်းသွားတာ တစ်ပတ်ပြည့်ပြီ။ သားအမိနှစ်ယောက် တူတူရှိနေရင် ကိစ္စမရှိပေ မယ့် ကလေးက သတ်သတ်၊ မအေက သတ်သတ်စီရှိနေရင် ကလေးဘယ်လောက် တောင် ကြောက်နေမလဲ တွေးမိတိုင်း စိတ်နာကျင်ရတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်က မိခင်ဖြစ်သူ မဝေဟာ အင်းစိန်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး သားဖြစ်သူ မောင်သန့်ဘုန်းဝေယံကတော့ အလုံမြို့နယ် ဆင်မင်းရပ်ကွက်က BC မူကြို ကျောင်းထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတာပါ။

မောင်သန့်ဘုန်းဝေယံရဲ့ မိခင်ဖြစ်သူ မဝေကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပေမယ့် မိသားစုနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ မဝေတို့ ဟာ စီးပွားရေးအဆင်ပြေသူတွေ မဟုတ်လို့ အဲဒီစွပ်စွဲချက်က မှန်ကန်မှုမရှိဘူးလို့ ဆိုကြ ပါတယ်။

မောင်သန့်ဘုန်းဝေယံကို ဖမ်းဆီးထားတာ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်က ငြင်းဆိုထားလို့ မိသားစုဝင်တွေက သူတို့သား အမိရဲ့ အသက်အန္တရာယ် လုံခြုံမှုကို အထူးစိုးရိမ်နေတယ်လို့ ဆိုပါတယ်။

NUG အမျိုးသား ညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီဟာ ကလေးသူငယ်ဆိုင်ရာ သဘောတူ စာချုပ်မှာပါတဲ့ အချက်တွေကို ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org