စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ
WY စိတ်ကြွဆေးပြား ၁ သန်းကျော်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
-
2018-08-26 -
-
-
ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
.
WY စိတ်ကြွဆေးပြား ၁ သန်းကျော်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ် ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
အဲဒီကားနဲ့အတူပါလာတဲ့ ယာဉ်မောင်းအပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
မနေ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတန်ဖိုးဟာ ငွေကျပ် သန်း ၄ ထောင်ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။