မီးရှို့ဆန္ဒပြကွယ်လွန်သူ သြင်္ဂိုဟ်ပြီးစီး

စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြတောင်းဆိုပြီးနောက် တောင်ကြီးဆေးရုံမှာ သောကြာနေ့က ကွယ်လွန်သွားတဲ့ တောင်ကြီးမြို့နယ် ရေပူရွာ က တောင်သူဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို မနေ့က သြင်္ဂိုဟ်လိုက်ပြီလို့ သိရပါတယ်။

ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ မှာတွေ့ရစဉ် Photo: Khun Zaryar/RFA

စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြတောင်းဆိုပြီးနောက် တောင်ကြီးဆေးရုံ မှာ သောကြာနေ့က ကွယ်လွန်သွားတဲ့ တောင်ကြီး မြို့နယ် ရေပူရွာက တောင်သူဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို မနေ့က သြင်္ဂိုဟ်လိုက်ပြီလို့ သိရပါတယ်။

သက်ဆိုင်ရာက ကျန်ရစ်သူမိသားစုဝင်တွေအကြောင်း မနေ့ကလာရောက် မေးမြန်းသွားပေမယ့် တစုံတရာ ပြောဆိုခဲ့တာတော့ မရှိဘူးလို့သိရပါတယ်။ ဦးမြင့်အောင်ရဲ့ဈာပနကို တောင်သူတွေရာနဲ့ချီပြီး လိုက်လံပို့ဆောင်ကြပြီး မေလ ၂၈ ရက်နေ့မှာ ရက်လည်ဆွမ်းကျွေး ဒါနပြုမယ်လို့ သိရပါတယ်။

ဒီကြောင်းနဲ့ပတ်သက်လို့ သူ့ကိုကူညီခဲ့တဲ့ NLD တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင်တိုးကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org