ပင်လယ်ဓားပြလက်ထဲက မြန်မာသင်္ဘောသား ၁၄ ဦး ကယ်ဆယ်ရမိ
မြန်မာသင်္ဘောသား ၁၄ ဦးကို ပင်လယ်ဓားပြတွေလက်ထဲက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုမာလီ အရှေ့မြောက်ပိုင်းဒေသ သီးခြား ပြည်နယ် Puntland အစိုးရက ပြောကြားကြောင်း မြို့တော် Garowe အခြေစိုက် RBC အသံလွှင့်ဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
-
2011-08-07 -
-
-
မြန်မာသင်္ဘောသားတွေဟာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့က ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ Frantalay ငါးဖမ်းသင်္ဘောကဖြစ်ပြီး မူလ ငါးဖမ်းသင်္ဘော နစ်မြုပ်အပြီး ကုန်းတွင်းပိုင်းတနေရာကို အပြောင်းမှာ ကယ်တင်နိုင်ခဲ့တာလို့ သိရပါတယ်။
ဒီသင်္ဘောသားတွေကို လုံခြုံစိတ်ချစွာ နေရပ် ပြန်ပို့နိုင်ရေးအတွက် UNDP UNODC စတဲ့ ကုလသမဂ္ဂ အဖွဲ့စည်းတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ IOM လို အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ဒီအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဆိုမာလီ ရေကြောင်းဝန်ကြီးက ပြောကြားပါတယ်။