ဗြိတိန် အိမ်ရှေ့မင်းသား ဇနီးမောင်နှံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ

ဗြိတိန်နိုင်ငံကို လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်စ်နဲ့ ဇနီးဖြစ်သူ ကမ်မီလာတို့ရဲ့ ဖိတ်ကြားချက်အ ရ တော်ဝင်ဇနီးမောင်နှံရဲ့စံတော်အိမ် Clarence House ကို မနေ့မနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အိမ်ရှေ့မင်းသား ဇနီးမောင်နှံက ဒေါ်အောင်ဆန်းစုကြည်ကို ရင်းရင်းနှီးနှီး ကြိုဆိုခဲ့ကြပြီး အိမ်တော်ပန်းခြံအတွင်း တံတိုင်းမွှေးပင် တစ်ပင်ကို  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမှတ်တရ  စိုက်ပျိုးခဲ့ကြ ပါတယ်။

အခုလို ကြိုဆိုတာမျိုးဟာ ဗြိတိန်နိုင်ငံအတွက် ထူးခြားမှုတစ်ခုဖြစ် ပြီး မြန်မာ့အရေးကို ဗြိတိန်တော်ဝင် မိသားစုကိုယ်တိုင် အလေးထားတာ တွေ့ရတဲ့အတွက် ဂုဏ်ယူဝမ်း သာမိကြောင်း Burma Campaign UK အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မဝေနှင်းပွင့်သုန် က ပြောပါတယ်။

"ဒေါ်စုဆိုလို့ရှိရင် ကျွန်မအနေနဲ့ ကြည့်မယ်ဆိုလို့ရှိ ရင် နိုင်ငံခေါင်းဆောင်တစ်ယောက် အနေပေါ့နော်။ ဒါပေမဲ့ ဗြိတိသျှအစိုးရ တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိ ရင် သူတို့က ဦးသိန်းစိန်ကို နိုင် ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ သမ္မတဆိုပြီးတော့ သူတို့က ကြည့်တာလေ။ အမေစုကို အဲဒီလိုမျိုး ဖိတ်ပြီးတော့ စကားပြောဆို တယ်၊ သေသေချာချာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ ဥစ္စာတော်တော် ထူးခြားတယ် လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံအရေးဟာ အမြဲတမ်း အရေးပါ အရာရောက် နေမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး တစ်ခုလည်း ကျွန်မတို့အနေနဲ့ စဉ်းစားလို့ရတယ်လေ"

အိမ်ရှေ့မင်းသား ဇနီးမောင်နှံနဲ့ တွေ့ဆုံအပြီးမှာတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ ဗြိတိသျှ ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းတစ်ရပ် ပြော ကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org