မွန်ပြည်နယ်က ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်လှစ်မယ့်ရက် မသိရသေး

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို သံလွင်မြစ်ပေါ်ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင် ဆန်းတံတား စီမံကိန်းဟာ ၉၉.၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပေ မယ့် တံတားဖွင့်လှစ်မယ့်နေ့ကို မသိရှိရသေးဘူးလို့ စီမံကိန်း ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောပါတယ်။

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို သံလွင်မြစ်ပေါ်ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားကိုတွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို သံလွင်မြစ်ပေါ်ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား စီမံကိန်း ဟာ ၉၉.၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပေမယ့် တံတားဖွင့်လှစ်မယ့်နေ့ကို မသိရှိရသေးဘူးလို့ စီမံကိန်း ညွှန်ကြားရေး မှူး ဦးသိန်းမြင့်မွန်က ပြောပါတယ်။

ခံနိုင်ဝန်စမ်းသပ်ဖို့နဲ့ လျှပ်စစ်မီးတပ်ဆင်တာလောက်ဘဲ ကျန်တော့တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းတံတား တည်ဆောက်ရေးစီမံကိန်း ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန် က ပြောပါတယ်။

"ဖွင့်မယ့်ချိန်က ကျနော်တို့လည်းအတိအကျမသိသေးဘူး၊ မကြာမီဖွင့်နိုင်မယ်လို့တော့မျှော်မှန်းပါတယ်၊ ကျနော်တို့တံတားကို ဝန်အလေးချိန်စမ်းသပ်ရမှာရှိတယ်၊ နောက်လျှပ်စစ်နဲ့ ပတ်သက်ပြီးစစ်ဆေးရမှာရှိတယ်"

ဗိုလ်ချုပ်အောင်ဆန်းတံတားကို သံလွင်တံတားချောင်းဆုံအမည်နဲ့ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လ က ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပြောင်းဖို့ ဆွေးနွေးအတည်ပြုခဲ့တာဖြစ် ပါတယ်။

အဲဒီလိုတံတားနာမည် ပြောင်းလဲလိုက်တာကြောင့် ဒေသခံမွန်တိုင်းရင်းသားတွေက မကျေနပ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

တံတားကို ငွေကျပ် သန်းဘီလီယံ ၆၀ကျော် ကုန်ကျခံဆောက်လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီတံတားကို၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ဒီလ ၉ရက်နေ့က ဖွင့်လှစ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်ထိ မဖွင့်လှစ်သေးတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org