လှေစီးဒုက္ခသည်ဆိုင်ရာမူဝါဒ အမျိုးသားလွှတ်တော် အတည်ပြု

လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရ အနေနဲ့ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့က တင်သွင်းခဲ့ တာဖြစ်ပါတယ်။

ကိုယ်စားလှယ်လေးဦးက ဆွေးနွေးပြီးနောက် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ က လှေစီးဒုက္ခသည်တွေအရေး ဆောင်ရွက်မှုတွေကို လာရောက်ရှင်းလင်းခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း  လှေစီးဒုက္ခသည်တွေကို မြန်မာနိုင်ငံက လက်ခံပေးဖို့ နိုင်ငံတကာက တိုက်တွန်းနေတဲ့အပေါ်   သူရဲ့ သြစတြေးလျခရီးစဉ်အတွင်း ကန့်ကွက်ခဲ့တယ်လို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

သူ့ရဲ့တစ်ဦးတည်း အမြင်နဲ့ ကန့်ကွက်ခဲ့တာဖြစ်တယ်လို့  ပြောပါတယ်။

"အခုတွေ့တဲ့လူတွေ မြန်မာက လက်ခံပါဆိုတော့ ကျနော်တို့ရုပ်နဲ့တူသလား၊ ကျနော်တို့ဆီက တိုင်းရင်းသားစကားတစ်မျိုးမျိုးရော ပြောတတ်သလား၊ အဲ့လိုမဟုတ်တဲ့သူတွေကို ဒီ Migrant ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ်ကို ပုံချတယ်ဆိုတဲ့ကိစ္စက ဒီလိုပြောတဲ့သူတွေဟာ အစီစဉ်ကင်းမဲ့ပြီးတော့ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဆင်ခြင်မှုမရှိပဲ ပြောနေတဲ့သူတွေဖြစ်ကြောင်း ကျနော်အတိအလင်းပြောတယ်"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org