ပဲနွယ်ကုန်း စာပေဟောပြောပွဲမှာ ဗကသဥက္ကဌ ဟောပြောဖို့ ပိတ်ပင်ခံရ

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ စာပေဟောပြောပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ဟောပြောမှာကို ဒေသဆိုင်ရာ အာဏာပိုင်တွေ က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ စာပေဟောပြောပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ဟောပြောမှာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

စာပေဟောပြောပွဲကို မနေ့ညက ပြုလုပ်တာဖြစ်ပြီး၊ ကိုကျော်ကိုကို ဟောပြောမှာကို ကျောက်တံခါး မြို့နယ်ရဲမှူးနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ကန့်ကွက်တဲ့အကြောင်း ဗကသများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။

"စာပေဟောပြောပွဲမှာ ဗကသဥက္ကဌ ကိုကျော်ကိုကိုကို ဖိတ်ပြီးတော့ အထူးဧည့်သည်အနေနဲ့ စကားပြောခိုင်းတယ်၊ အဲဒါကို ပဲခူးတိုင်း ပဲနွယ်ကုန်းရဲမှူးရယ်၊ ပြီးတော့ အုပ်ချုပ်ရေးမှူးရယ် အဲဒီ ပဲနွယ်ကုန်းက အာဏာပိုင်တွေက ကိုကျော်ကိုကိုကို စကားပြောခွင့် မပြုနိုင်ဘူးဆိုပြီးတော့ ပွဲကျင်းပရေးကော်မတီကို အကြောင်းကြားတယ်၊ အကြာင်းကြားတဲ့အတွက် အဲဒီပွဲကျင်းပရေးကော်မတီက အဖွင့်အမှာစကားပဲပြောဖို့ အစီအစဉ်ရွှေ့တဲ့အခါမှာမလည်း အဲဒီဟာကို သူတို့သဘောမတူတဲ့အတွက် နောက်ဆုံးမှာ လုံးဝမပြောရတော့ဘဲနဲ့ အစီအစဉ်ပျက်သွားတယ်"

ဒါကြောင့် ဟောပြောပွဲစီစဉ်သူတွေက ဗကသဥက္ကဌ ကိုကျော်ကိုကိုကို ပရိသတ်နဲ့ မိတ်ဆက်ပေးပြီး အခက်အခဲကြောင့် ဟောပြောခွင့်မရတဲ့အကြောင်း တောင်းပန်စကားပြောလိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org