အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူတွေကို သွားရောက်ကူညီသူများ တားမြစ်ခံရ

ပဲခူးတိုင်းအတွင်းက အကြမ်းဖက်အဓိကရုဏ်းတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့ သွားရောက်ကူညီရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်အတွင်းက ဖျက်ဆီး ခံရတဲ့ နေအိမ်တွေကို မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ် photo: RFA/ Moe Thu Aung

ပဲခူးတိုင်းအတွင်းက အကြမ်းဖက်အဓိကရုဏ်းတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့ သွားရောက်ကူညီရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

မင်းလှမြို့က ဒုက္ခသည်တွေအတွက် စနေနေ့က သွားရောက်ကူညီရာမှာ လုံခြုံရေးအရ ခွင့်မပြုခဲ့တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုညိုထွန်းက ပြောပါတယ်။

တနင်္ဂနွေနေ့ကတော့ ရန်ကုန်မြို့ ဘားလမ်းက City Star ဟိုတယ်မှာ ရွှေဝါရောင်သံဃာတော်များကွန်ရက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့က မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ်တွေက အဓိကရုဏ်းကြောင့် ဒုက္ခရောက်ရသူတွေအတွက် အကူအညီပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ မိတ္ထီလာ၊ ပဲခူး၊ ကြို့ပင်ကောက်အစရှိတဲ့ မြို့နယ်တွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့တဲ့ကိစ္စ၊ ဒုက္ခသည်တချို့ကို ရန်ကုန် ခေါ်လာခဲ့တဲ့ကိစ္စတွေအပေါ် ရွှေဝါရောင်သံဃာတော်များကွန်ရက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ရွှေဝါရောင်သံဃာတော်များကွန်ရက်က အရှင်ပဏ္ဍဝံသကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org