ပုဂံဘုရား ၂၅ဝ နီးပါး ပြုပြင်ပြီးစီး
ပြီးခဲ့တဲ့ နှစ် သြဂုတ်လက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘုရားစေတီပေါင်း ၃၈၉ ဆူထဲက ၂၄၉ ဆူကို ပြုပြင်ပြီးစီးခဲ့ကြောင်း သိရပါတယ်။
-
2017-05-07 -
-
-
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ငလျင်ကြောင့် ကွမ်းတောင်ပြိုကျသွားခဲ့တဲ့ ပုဂံမြို့က စူဠာမဏိဘုရားကို တွေ့ရစဉ်
ပြီးခဲ့တဲ့ နှစ် သြဂုတ်လက လှုပ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘုရားစေတီပေါင်း ၃၈၉ ဆူထဲက ၂၄၉ ဆူကို ပြုပြင်ပြီးစီးခဲ့ကြောင်း သိရပါတယ်။
ပုဂံစေတီပြုပြင်ရေး ၄ နှစ် စီမံကိန်းအရ ကျန်တဲ့ စေတီ ၁၄ဝ ကိုလည်း ဆက်လက်ပြုပြင်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြောင့် ပုဂံဘုရား လေးရာနီးပါး ထိခိုက်ပျက်စီး ခဲ့ရပါတယ်။
ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ဖို့အတွက် အစိုးရက ကုလသမဂ္ဂ ယူနက်စကိုနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။