အောင်ဆန်းရာပြည့် အော်ပရာပွဲ မန္တလေး ကဇာတ်ရုံမှာ သုံးခွင့်မရ

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ကဗျာအော်ပရာပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ဒီနေ့ညကျင်းပဖို့ စီစဉ်ထားတာကို တိုင်းဒေသကြီးအစိုးရက ဇာတ်ရုံကို အသုံးပြုခွင့်ကို ငြင်းပယ်လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြဇတ်ရုံမှာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဗိုလ်ချုပ်ရာပြည့် ကဗျာအော်ပရာ တင်ဆက်ခဲ့စဉ် Photo: Kyaw Htoon Naing/RFA

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ကဗျာအော်ပရာပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ဒီနေ့ညကျင်းပဖို့ စီစဉ်ထားတာကို တိုင်းဒေသကြီးအစိုးရက ဇာတ်ရုံကို အသုံးပြုခွင့်ကို ငြင်းပယ်လိုက်ပါတယ်။

တိုင်းအစိုးရကကျင်းပမယ့် အခမ်းအနားတွေရှိ တာကြောင့် ဇာတ်ရုံကို အသုံးပြုခွင့်မပေးနိုင်ကြောင်း အကြောင်းကြားတာဖြစ်တယ်လို့ ပွဲစီစဉ်တဲ့ The Action Times Foundation အတွင်းရေးမှူး မအိန္ဒြေနေနွယ် က ပြောပါတယ်။

"၅ ရက်နေ့ကနေစပြီး ၁၃ ရက်အတွင်းကို အမျိုးသားပြ ဇတ်ရုံမှာ တိုင်းကနေကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားတွေ ကလေးများ ကဗျာရွတ်ပွဲတွေ၊ ဗိုလ်ချုပ်ရာပြည့်ပွဲတွေ ကျင်းပမယ့်အတွက်ကြောင့်မို့ အမျုးိသားပြဇတ်ရုံ မအားလပ်ပါဘူးဆိုပြီး ကျမတို့ကို အကြောင်းကြားပါတယ်၊ ကဇတ်ရုံငှားတဲ့ ပေါ်လစီမှာတော့ ကျမတို့သိထားပြီးသား တစ်ခုတော့ရှိပါတယ်၊ သူတို့ အခမ်းအနားတွေ ရှိတယ်ဆိုရင်တော့ အခါအားလျော်စွာ ဒါမျိုးတွေဖယ်ပေးရမယ့်ပေါ့၊ ဒါပေမဲ့ အဲ့ဒါကိုကြိုတင်ပြီးတော့ ပြခဲ့တယ်ဆိုရင်တော့ အများကြီးဟိုဟာဖြစ်တယ်လေ ၊ ဒါပေမဲ့ ကျမတို့ ပြင်ဆင်ချိန်တို့ ဘာတို့အကုန်လုံးပေါ့ ဘယ်လိုမှမရတော့ဘူးလေ"

ဒီနေ့ညပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အနုပညာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်း ဘဝဇာတ်ကြောင်းကို ကဗျာတွေနဲ့ ပုံဖော်ထားတဲ့ “သမိုင်းရဲ့ကမ္ပည်းရှင်” အော်ပရာနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ပွဲကို အမျိုးသားကဇာတ်ရုံမှာ ကျင်းပခွင့်မရတဲ့အတွက် မန္တလေးမြို့ဓမ္မပါလခန်းမ မှာ ပြောင်းလဲကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အလားတူ ကဗျာအော်ပရာပွဲကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org