နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေ ယာဉ်မောင်းသူ လာရောက်ဖမ်းဆီး ခံ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနား နစ်မြုပ် ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူ ပိုင်ရှင် ဦးဇော်မျိုးဝင်းဟာ တိုင်းရဲတပ်ဖွဲ့ထံမှာ ဒီနေ့ လာရောက် အဖမ်းခံခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းရွာအနီးမှာ မြုပ်သွားတဲ့ အောင်စိုးမိုးကျော်ရေယာဉ် ပြန်လည်ဆယ်ယူနေတာ ကို အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Myanmar Fire Services Department (Facebook)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနား နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်မောင်း သူ ပိုင်ရှင် ဦးဇော်မျိုးဝင်းဟာ တိုင်းရဲတပ်ဖွဲ့ထံမှာ ဒီနေ့ လာရောက်အဖမ်းခံခဲ့ပါတယ်။

တမူးမြို့ဘက်ကို ထွက်ပြေးနေရာကနေ လာရောက်အဖမ်းခံတာဖြစ်ကြောင်း ကနီမြို့နယ် ရဲမှူး တင်မောင်မြင့် က ပြောပါတယ်။

"အရင်ကတော့ သူကြောက်လို့ဆိုပြီး တမူးဘက်ကို ထွက်ပြေးခဲ့တာပေါ့။ အခုတော့သူ ရေယာဉ်အသင်း ကရော ပြန်ခေါ်လို့ သူပြန်လာပြီးတော့ အဖမ်းခံတာပါခင်ဗျ။ စက်လှေနစ်မြုပ်မှုကတော့ သူတို့ရဲ့ ပေါ့ဆ မှုကြောင့်ပေါ့ဗျာ။ ဒါကတော့ သိပ်ပြီးတော့ ထွေထွေထူးထူးမရှိပါဘူး။ ရှင်းနေတာပါပဲ။ ရဲစစ်ဆေး ဖို့ကတော့ အချိန်ကာလ ၁ လရပါတယ်ခင်ဗျ။ ရက် ၂၀ အတွင်းမှာ အပြီးစစ်ဆေးပြီးတော့ ကျွန်တော်တို့ ဥပဒေအကြံတောင်းတင်ပြီး တရားစွဲတင်မှာပါခင်ဗျ။ အမြန်ဆုံး ၊ အဲ့တော့မှ သူတို့ တရားရုံးက စစ်ဆေးမှာပါ။"

လာရောက်အဖမ်းခံသူ ဦးဇော်မျိုးဝင်းကို ယင်းမာပင်ခရိုင် မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စက်လှေနစ်မြုပ်စဉ်က ဖမ်းဆီးထားတဲ့ လှေမော်တော်လုပ်သား ၄ ဦးကိုတော့ ကနီမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၈၀ ရေယာဉ်ကို အရမ်းမောင်းနှင်မှု၊ ပုဒ်မ ၃၀၄(က)/ ၁၁၄ ပေါ့ဆမှုကြောင့်  လူသေမှု နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာနားမှာ အောက်တိုဘာ ၁၅ ရက်နေ့က အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်ရာ မှာ သေဆုံးသူ ၇၀ ကျော်ရှိပြီး အသက်ရှင်ကျန်သူ ၁၅၅ဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org