ဒေါ်အောင်ဆန်းစုကြည် Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒီကနေ့ လက်ခံရယူ လိုက်ပြီ ဖြစ်ပါတယ်။
-
2012-06-20 -
-
-
၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်က ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်သည့်အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
Courtesy of www.ox.ac.uk
အဲဒီဘွဲ့နှင်းသဘင် အခမ်းအနားကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို Oxford တက္ကသိုလ်ဝင်းတလျှောက် စုရုံးရောက်ရှိနေ ကြတဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား မိသားစုတွေ က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို ဗြိတိန်နိုင်ငံသားတွေ ကလည်း လက်ခုပ်သြဘာ တီးပြီး ဂုဏ်ပြု ချီးကျူးခဲ့ကြပါတယ်။
အဲဒီမြင်ကွင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မအေးနှင်းညိုကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |