စစ်ကောင်စီကို အာဆီယံက တရားဝင်မှုပေးနေကြောင်း JFM ဝေဖန်

အာဆီယံအနေနဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူဆောင်ရွက်နေတဲ့အပေါ် ပံ့ပိုးကူညီဖို့ အချိန်ကျရောက်နေပြီလို့လည်း တိုက်တွန်းပါတယ်။

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် အာဆီယံရေတပ်အကြီးအကဲများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်။ Photo: Myanmar Military

အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးအတွက် စစ်ကောင်စီကို အိမ်ရှင်နိုင်ငံအဖြစ် အာဆီယံကျင်းပခွင့်ပေးတာကို Justice for Myanmar အဖွဲ့က အောက်တိုဘာ ၁၄ ရက်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါဟာ စစ်ကောင်စီကို တရားဝင်မှုပေးရုံသာမက အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးခွဲဖျက်ဆီးတာ အပါအဝင် အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံတဲ့ သဘောသက်ရောက်တယ်လို့လည်း ဝေဖန်ပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီအတွက် ရန်ပုံငွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနေတာတွေကို တားဆီးပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်နေတဲ့အပေါ် ပံ့ပိုးကူညီဖို့ အချိန်ကျရောက်နေပြီလို့လည်း Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ နိုင်ငံတကာဥပဒေတွေအောက်မှာ စစ်ကောင်စီတာဝန်ခံ‌စေဖို့ ဆောင်ရွက်ပြီး မြန်မာနိုင်ငံသစ်တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်ဖို့လည်း တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org