ICG အစီရင်ခံစာကို ARSA ငြင်းဆို

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ မြန်မာလို အမည်ပေးထားတဲ့ ARSA (Arakan Rohingya Salvation Army) အာဆာအဖွဲ့က နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG International Crisis Group က ထုတ်ပြန်ပြောကြားခဲ့သလို ခြိမ်းခြောက်မှုတွေနဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ကျူးလွန်နေခြင်း မရှိဘူးလို့ ဧပြီလ ၃ဝ ရက်နေ့စွဲနေ့ မနေ့က တုံ့ပြန်ပြောကြားပါတယ်။

ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: ARSA Twitter

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ မြန်မာလို အမည်ပေးထားတဲ့ ARSA (Arakan Rohingya Salvation Army) အာဆာအဖွဲ့က နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG International Crisis Group က ထုတ်ပြန်ပြောကြားခဲ့သလို ခြိမ်းခြောက်မှုတွေနဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ကျူးလွန်နေခြင်း မရှိဘူးလို့ ဧပြီလ ၃ဝ ရက်နေ့စွဲနေ့ မနေ့က တုံ့ပြန်ပြောကြားပါတယ်။

ICG ရဲ့ ဧပြီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုလိုလားတဲ့ အာဆာအဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို မကြာခဏ ခြိမ်းခြောက်နေကြောင်းနဲ့ ၂ဝ၁၈ ခုနှစ်က ရိုဟင်ဂျာစခန်းတာဝန်ခံ အူလာဆိုသူကို လည်လှီးသတ်ဖြတ်မှုဟာ အာအာအဖွဲ့ရဲ့ လက်ချက်ဖြစ်ပုံ ရကြောင်း စသဖြင့် ဖေါ်ပြခဲ့ပါတယ်။

အာဆာအဖွဲ့ရဲ့ ကြေညာချက်မှာ အဲဒီလို ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ မည်သည့် အဖွဲ့အစည်းနဲ့မတူ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း၊ သူတို့အဖွဲ့ရဲ့ ရည်မှန်းချက်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံတကာ ဥပဒေနဲ့ အညီ ကာကွယ်ရေးသာဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်လို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ အဖွဲ့မဟုတ်ကြောင်းနဲ့ ICG ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် ကင်းမဲ့ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org