သိန်း ၇၀၀ ဖိုး စိတ်ကြွဆေးများ မူဆယ်နယ်စပ်ဂိတ်မှာ ဖမ်းမိ

တရုတ် မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြားတွေနဲ့အတူ လက်နက်တချို့ကို မနေ့ည ၉ နာရီ လောက်က မြို့အဝင် အေးရှားဝေါလ်ဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ဗုံးပေါက်ကွဲမှုတွေကြောင့် ရှာဖွေစစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေချိန်မှာ ကိုအောင်ဝင်းဆိုသူ မောင်းနင်လာတဲ့ လိုင်စင်မဲ့ကားကို တားဆီးစစ်ဆေးခဲ့ရာက အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မူဆယ်ခရိုင ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိက အတည်ပြုပြောဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက WY စာတမ်းပါတဲ့ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် သုံးသောင်းကိုးထောင်ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၇၈၀ ဖိုးလောက်ရှိတယ်လို့ သိရပါတယ်။

မူယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ လက်နက်ကတော့ M 22 ပစ္စတိုတစ်လက်နဲ့ ကျည်ဆံ ၆ တောင့်ဖြစ်ပြီး တရားခံ ကိုအောင်ဝင်း ဆိုသူကိုတော့ မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်မှု၊ လက်နက်မှုတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org