တပ်မတော်နဲ့ ပါတီ်တွေ တိုင်ပင် လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော် ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေး ထွေးထွေး တိုင်ပင်ဆောင်ရွက်ရင် တိုင်းပြည် တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင်ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။

RFA က ပုံမှန် တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်တလောမှာ သူနဲ့တပ်မတော် ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်း ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

တစ်ဆက်တည်းမှာပဲ လွတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို မေးမြန်းရာမှာတော့ ပြည်ထောင်စု လွတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်း ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ပြန်လည် ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော် သက်တမ်း နုနယ်သေးတဲ့အတွက် လုပ်ထုံး လုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် အခုလို ပေါ်ပေါက်ခဲ့တ ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org